ဒီတစ်ပတ် စနေနေ့ အလုပ်ပိတ်ရက်မှာတော့ ဂန္ဓမာပန်းပြပွဲကို သွားရောက်ခဲ့ပါတယ်။ ပန်းရောင်စုံတွေကို ပုံစံမျိုးစုံနဲ့ အလှဆင်ထားသလို ဂန္ဓမာပန်းအမျိုးအစားမျိုးစုံကိုလဲ တွေ့ခဲ့ရပါတယ်။ ပြပွဲကို အခမဲ့ ၀င်ရောက်ကြည့်ရှု့လို့ရပါတယ်။ မိသားစုလိုက် လာရောက်ကြည့်ရှုကြသလို ပေါင်းအသင်းတွေအဖွဲလိုက် ပျော်ရွှင်စွာလာရောက်ကြပါတယ်။ ကလေးတွေကျောင်းပိတ်ရက် ဖြစ်တာကြောင့်လဲ ပိုမိုစည်ကားပါတယ်။ အပြင်မထွက်တာ တော်တော်ကြာပြီဖြစ်လို့ အခုလိုလေးသွားလိုက်တော့လဲ စိတ်ထဲမှာ တစ်မျိုးလေး လန်းဆန်းမှုဖြစ်မိပါတယ်။ သူငယ်ချင်းတွေအတွက်တော့ အခုလိုမျိုး ဓါတ်ပုံလေးတွေနဲ့ပဲ ပန်းလက်ဆောင်ပေးလိုက်ပါတယ်နော်။

4 comments:
လှတယ် နှင်းလေးရေ။
ဒါနဲ့နှုတ်မဆက်ဖြစ်တာကြာလို့ နှုတ်ဆက်တယ်နော်။
ဆွိဒီဇင်ဘာ ပါ။
ဒီပို့စ်လေး ဘယ်တော့တင်မလဲ လာချောင်းနေရတာ အမော သိလား
လှလိုက်တာ
ပန်းတွေလှတယ်..
ပုံတွေ မျှပေးတာ ကျေးဇူး
Post a Comment