Tuesday 30 December 2008

နှုတ်ဆက်ခဲ့ပါတယ် 2008

မနက်ဖြန်ဆိုရင် ၂၀၀၈ ရဲ့ နောက်ဆုံးနေ့ပါ။ နှစ်တစ်နှစ်သာကုန်သွားတယ် ဘာမှ မကြာလိုက်သလိုပါပဲ။ နှင်းဘ၀ရဲ့ အပြောင်းအလဲပေါင်းများစွာနဲ့ ၂၀၀၉ ကိုကျော်ဖြတ်ရမှာပါ။ အခုတော့ ၂၀၀၈ ကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲလို့ ပြတ်စဉ်းစားမိရင် အရာရာကို မကျေနပ်နိုင်ပေမယ့် အကောင်းဆုံး အတတ်နိုင်ဆုံးတော့ ကြိုးစားခဲ့ပါတယ် လို့ပဲ ပြောရတော့မှာပေါ့။ စိတ်ညစ်စရာ ၀မ်းနည်းစရာ ပျော်ရွှင်စရာ စတဲ့ ရသပေါင်းစုံကို ခံစားခဲ့ရတယ်။ ဘ၀ရဲ့ သင်ခန်းစာများစွာကို သင်ကြားခဲ့ရတယ်။ မိဘတွေရဲ့ မေတ္တာကို ခံစားနားလည်ခဲ့ရတယ်။ မရောက်ဘူးတဲ့နေရာတွေ ရောက်ခဲ့တယ်။ မကြုံဘူးတဲ့ လူမှုဒုက္ခတွေ ခံစားခဲ့ရတယ်။ ဘာတွေဘယ်လိုပဲ ခံစားခဲ့ရပါစေ ၂၀၀၈ မှာတော့ ဘ၀အတွက် သင်ခန်းစာတွေအများကြီးကို သင်ကြားခွင့်ရခဲ့တဲ့ နှစ်တနှစ်ဆိုရင် မမှားပါဘူး။

၂၀၀၈ ကို အကောင်းဆုံးနှုတ်ဆက်ချင်တယ်။ သွားချင်တဲ့နေရာတွေ လုပ်ချင်တာတွေ များနေတော့ ဘာလုပ်ရမလဲဆိုတာ သေချာမသိသေးပါဘူး။ သေချာတာကတော့ နှစ်သစ်ကို ကွန်ပျူတာရှေ့မှာပဲ ကူးပြောင်းရမှာကတော့ သေချာပါတယ်။ နှစ်သစ်ကူးကို အပြင်ထွက်တာမရှိတော့ အိမ်မှာပဲ Happy New Year ပေါ့။ နောင်လာမည့် ၂၀၀၉ မှာ ဘယ်လိုပုံစံနဲ့ ဖြတ်သန်းရမလဲဆိုပြီး အခုထဲက ကြိုတင်ရင်ခုန်မိတောတော့ အမှန်ပါပဲ။


2 comments:

khin oo may said...

နစ်သစ် မှာ ရွင်လန်းပါစေ..မေတ္တာဖြင့်

Welcome said...

Happy New Year ဖြစ်ပါစေ။

http://winzaw-mdy.blogspot.com

နောက်လဲလာလည်နော်

Glitter Graphics