Friday 1 February 2008

အချစ်ဆုံးနှစ်ယောက်အတွက်


ဒီနေ့ကတော့ နှင်း ဘ၀မှာအရေးပါတဲ့ လူနှစ်ယောက်ရဲ့ မွေးနေ့ပါ။ ၁၀တန်းအောင်ပြီးလို့ တရုတ်စာသင်တဲ့အချိန်ကနေ စပြီးသိခဲ့ကြတယ်။ သူတို့နှစ်ယောက်နဲ့ စတင်သိကျွမ်းပြီးကတည်းက နှင်း ရင်ထဲမှာစိတ်တူကိုယ်တူတွေအဖြစ် သတ်မှတ်ခဲ့တယ်။ အပြင်မှာလည်း သွားအတူလာအတူ တက္ကသိုလ်ကိုလဲ မေဂျာအတူတူ တက်ခဲ့ကြတယ်။ နှင်း တို့ ၃ ယောက်ကြားထဲမှာ ဘယ်လိုပဲအထင်လွဲမှုတွေရှိခဲ့ပါစေ တစ်ဦးကိုတစ်ဦး နားလည်မှုတွေနဲ့ ဖြေရှင်းခဲ့ကြတယ်။ ကျောင်းတွေပြီးလို့ ဘ၀လမ်းကို ကိုယ်ဆီလျှောက်လှမ်းနေရပေမယ့်လည်း ၃ ယောက်အတူတူရှိခဲ့ဘူးတဲ့ အချိန်တွေကို အမြဲသတိတရ အမှတ်ရနေဆဲပါ။ တစ်ယောက်တစ်နိုင်ငံဆီမှာ နေနေရပေမယ့်လည်း အမြဲရင်ထဲမှာရှိနေပါတယ်။ သူငယ်ချင်းအများကြီးမရှိတဲ့ နှင်း အတွက် သူတို့နှစ်ယောက်ကို နှင်းရဲ့ညီအစ်မ သူငယ်ချင်းအဖြစ်သတ်မှတ်ထားတာပါ။ ဘယ်နေရာပဲရောက်နေနေ ဘယ်လိုဘ၀မျိုးမှာပဲရှိနေနေ ဘယ်ခါမှမပြောင်းလဲပဲ သူတို့နှစ်ယောက်ကို ထာဝရချစ်နေမှာပါ။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကျရောက်တဲ့ နှင်း ရဲ့အချစ်ဆုံးသူငယ်ချင်း ၀ါဝါဖြိုး နဲ့ မွန်မွန် တို့ရဲ့ ၂၄ နှစ်ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်း ၁၂၀ တိုင် ပျော်ရွှင်ချမ်းမြေ့ပြီး ဘ၀နဲ့ ဆန္ဒတစ်ထပ်တည်းကျပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်။

No comments:

နောက်လဲလာလည်နော်

Glitter Graphics