Thursday 28 February 2008

ဆောင်းဒုက္ခ

ပူလိုက်အေးလိုက်နဲ့
ရုးရတဲ့ဒီရာသီ
မနက်ပူလို့ ညနေအေး
ဘာကိုမှအစိုးမရ
ဖောက်ပြန်တာ သဘာဝမို့
အပြစ်မမြင်တော့ပါဘူး။

လာပြန်ပြီ ဒီအအေးလှိုင်း
ပိတ်ရတဲ့ ဒီနှာခေါင်းလဲ
စကားသာပြောတတ်ရင်
သူငိုပြတာ ကြာရောပေါ့။

ဒီဆောင်းတွင်းးမှာဖြင့်
ပင်ကိုသံတကယ်ပျောက်ပါလို့
နှာသံနှောပြောတဲ့ ငါ့အသံ
သည်းခံကာနားထောင်တဲ့
မိတ်ဆွေတို့ရေ
ကျေးဇူးများစွာတင်ပါကြောင်း။

ငါ့ကိုငါသာ
ဆင်ခြင်ရတော့မှာမို့
စောင်ခြုံထဲမှာ
ကွေးလို့သာနေလိုက်တော့မယ်
အေးချင်သလောက်သာအေးလိုက်တော့

2 comments:

Unknown said...

နှင်းလေးရေ..

ဒုက္ခတွေနဲ့ ပြည့်နှက်နေတဲ့ ဒီလောကကြီးကို
ဖောက်ပြန်မှုတွေချည်ပဲကြုံနေရလို့ အေးချမ်းချင်တယ်..
မအေးချမ်းနိုင်ကြဘူး...

နှင်းလေးရေ...
အားလုံးအဆင်ပြေပါစေ...
လှပပါစေ.. နေ့သစ်တွေမှာ..

lwansay said...

နွေရောက်ပါပီဗျာ။ ဒုက္ခမရောက်တော့ပါဘူး။ ပူဖို့သာပြင်ထားတာတော့ :P

နောက်လဲလာလည်နော်

Glitter Graphics