Wednesday 6 February 2008

မင်းသိပါစေ


ပင်လယ်ရေ သောက်ရင်
သောက်လေသောက်လေ ငတ်မပြေသလို
မင်းကိုချစ်ရတာလဲ
ချစ်လေချစ်လေ ချစ်လို့မ၀လေပါပဲ

ဘာလို့ချစ်တာလဲ” လို့မေးရင်
ပြန်ပြောပြစရာ စကားကိုရှာမတွေ့တာ
မင်းသိရဲ့လား

ကိုယ့်ကိုချစ်လား” လို့မေးရင်
ဘ၀နဲ့ရင်းပြီးချစ်တာပါလို့ ဖြေရင်
မင်းယုံမှာလား

ကိုယ့်ကိုမထားခဲ့နဲ့နော်လို့” ပြောတတ်တဲ့မင်း
ငါကလည်းပြန်ပြောချင်ပါတယ်
ငါ့ကိုသာ မင်းမထားခဲ့ပါနဲ့နော်”

မာနလေးတော့ ထားပါလား” လို့ပြောတတ်တဲ့
မင်းအတွက် ငါ လေ့ကျင့်နေတယ်
ဒါပေမယ့် မင်းအပေါ်မှာတော့ ဘာမှမရှိပါဘူး

“ကလေးဆန်တယ်နော်လို့” မင်းပြောတဲ့ငါက
မင်းနဲ့တွေ့မှ ကလေးဖြစ်သွားတာ
မင်းသိလို့လား

သိပ်ချစ်ပါတယ်လို့ ပြောတဲ့မင်းအချစ်က
မင်းအပေါ်ချစ်တဲ့ ငါ့အချစ်ကို
မှီပါ့မလားဟင်


No comments:

နောက်လဲလာလည်နော်

Glitter Graphics