Friday 8 February 2008

ပျော်ရာမှာ မနေရတဲ့ဘဝ

ဒီနေ့ တရုတ်နှစ်သစ်ကူးပြီးလို့ နှစ်ဆန်း၂ ရက်နေ့ရောက်နေပြီ။ ရင်ထဲမှာဘာခံစားချက်မှမရှိပဲ ဟာတာတာကြီး ဖြစ်နေတယ်။ တရုတ်နိုင်ငံကိုရောက်မှပဲ တရုတ်နှစ်သစ်ကူးက ပိုပြီးအေးစက်စက် ဖြစ်လို့နေပါတယ်။ ထိုင်ဝမ်မှာ ရွာနေတဲ့မိုးကလည်း ဘယ်အညှိုးနဲ့များ ရွာနေသလဲမသိပါဘူး။ ရှေ့တပတ်ထဲကရွာနေတာ ဒီနေ့အထိကို မတိတ်နိုင်သေးဘူး။ လူကလည်းနေလို့မကောင်း ရာသီဥတုကလည်းမသာယာ စိတ်ထဲမှာထိုင်းမှိုင်းလို့နေတယ်။ မနှစ်ကလို မိသားစုလိုက် အလည်အပတ်ထွက်ဖို့ကလည်း မိုးကနှောင့်ယှက်လို့နေတယ်။ အော် မြန်မာပြည်မှာဆိုရင် နှစ်ကူးပြီးလို့ နှစ်ဆန်း ၁ ရက်နေ့ကျရင်မိသားစုတွေ တပျော်တပါး အလည်အပတ်ထွက်ကြ ချက်ပြုတ်စားသောက်ကြတာ ပျော်ဖို့ကောင်းပါတယ်။ ရာသီဥတုကလည်း သာသာယာယာ လေးဆိုတော့ စိတ်ပျော်ရွှင်ကြည်နူးဖို့ကောင်းပါတယ်။ ထိုင်ဝမ်ရောက်မှပဲ ရာသီဥတုရဲ့ နှိပ်စက်မှုကြောင့် ၃ လတစ်ခါလောက် ဆရာဝန်မျက်နှာ သွားသွားကြည့်နေရတယ်။ လူကနေမကောင်း ရာသီဥတုကမကောင်းလေ မြန်မာပြည်ကို အရမ်းပြန်ချင်လေပဲ။

“နေရောင်ခြည်တန်းဟာ နွေးနွးလေးပဲနေလဲ လွမ်းစေတယ် မြန်မာပြည်နဲ့တော့ ခြားနားမှုရှိတယ် အာရုံနေ့ဦးမယ် ကြည့်လိုက်တို့ရဲ့ပြည် ရနံ့တွေရယ် တစ်ပြည်ငါရောက်တော့ သတိရ ရလို့နေ မြန်မာပြည် အဝေးကြီးပေါ့ နေနိုင်အောင် ကြိုးစားတယ် မလွယ်ဘူးသိ တို့သိလာတယ် သိလာတယ် အိုသိပါပြီ ပြန်တော့မယ် ဇာတိမြေကို......... မြန်မာပြည်ကိုကွယ် လွမ်းတယ် သွားမယ် မြန်မာပြည်ကိုကွယ် လွမ်းတယ် သွားမယ် မြန်မာပြည်ကိုကွယ် လွမ်းတယ် ပြန်တော့မယ် ခြေတံခြည်လေးနဲ့ ၀ါးကြမ်းခင်းထားတဲ့ မြန်မာ့အိမ်မယ် ဘော်ငွေလရဲ့ဆောင်းည နွေးလွန်းတယ် ဒါတွေကိုငါမမေ့ ပြန်တွေမိတော့ အိုဆွေးစေတယ် ဧရာဝတီမြစ်ကြီးနဲ့ မန္တလေးနန်းတော် မြတ်မုနိ ကမ္ဘာအံ့ဖွယ် ဘုရားများတန်ခိုး ရှစ်ခိုးဖူးမျှော်ချင်တယ် အဝေးရောက်ကျွန်တော် မြန်မာ့စိတ် မြန်မာ့ရေမြေ အဝေးမှချစ် ချစ်လာတယ် တို့မြေကို ပြန်တော့မယ် ........... မြန်မာပြည်ကိုကွယ် လွမ်းတယ် သွားမယ် မြန်မာပြည်ကိုကွယ် လွမ်းတယ် သွားမယ် မြန်မာပြည်ကိုကွယ် လွမ်းတယ် ပြန်တော့မယ် မြန်မာပြည်ကိုကွယ် လွမ်းတယ် သွားမယ် မြန်မာပြည်ကိုကွယ် လွမ်းတယ် သွားမယ် မြန်မာပြည်ကိုကွယ် လွမ်းတယ် ပြန်တော့မယ်........ မြန်မာပြည်သား အားလုံးအတွက်တေးဆို ကျွန်တော် ပလေးဘွိုင်လေ ပြည်တော်ပြန်ခရီးဟာ တွေးတိုင်း သိပ်ကို သိပ်လှ မြန်မာပြည်လေးကို သတိရလို့ လွမ်းတယ် ဟိုစဉ်အချိန်မျိုးကို တွေးပြီးဆွေး စတိတ်ရိုးလေးများ မှန်းမြင်တယ် အိုမိတ်ဆွေတွေ ပြန်တွေ့ချင်တယ် ပြန်တွေ့ဖို့ တို့ပြန်မယ် မြန်မာပြည်ကိုကွယ် လွမ်းတယ် သွားမယ် မြန်မာပြည်ကိုကွယ် လွမ်းတယ် သွားမယ် မြန်မာပြည်ကိုကွယ် သွားးတယ် ပြန်တော့မယ် မြန်မာပြည်ကိုကွယ် လွမ်းတယ် သွားမယ် မြန်မာပြည်ကိုကွယ် လွမ်းတယ် သွားမယ် မြန်မာပြည်ကိုကွယ် သွားမယ် ပြန်တော့မယ်...............................................”

ရင်ဂို ဆိုထားတဲ့ဒီသီချင်းလေးနားထောင်မိတော့ ပိုလို့တောင် မြန်မာပြည်ကို ပြန်ချင်တယ်။ ပျော်ရာမှာ မနေရ တော်ရာမှာနေနေရတဲ့ ဘ၀က အမြန်ဆုံး လွတ်မြောက်ချင်ပါပြီ............

No comments:

နောက်လဲလာလည်နော်

Glitter Graphics