Thursday 14 February 2008

ကိုယ့်နေရာ ကိုယ်နေဖို့

နေတတ် စားတတ် ရတယ်ဆိုပြီး လူကြီးတွေ အမြဲပြောဆိုတတ်ကြပါတယ်။ လူတစ်ယောက်ဟာ မိမိပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေတတ်ဖို့ အလွန်အရေးကြီးပါတယ်။ ကိုယ့်နေရာကိုယ် နေတတ်ဖို့လဲလိုပါတယ်။ ကိုယ့်နေရာ ကိုယ်မနေတတ်ရင် သူတစ်ပါးရဲ့အပြောအဆိုကို ခံရတတ်ပါတယ်။ ဥပမာ အလုပ်ခွင်မှာ ရာထူးအဆင့်ဆင့် သတ်မှတ်ထားပါတယ်။ မန်နေဂျာ နေရာမှာ နေနေတဲ့လူဟာ မန်နေဂျာဆိုတဲ့ ရာထုးနဲ့အညီ ပြုမူနေထိုင် လုပ်ကိုင်သင့်ပါတယ်။ အော် မန်နေဂျာပါဆိုမှ သူ့ရာထူးနဲ့သူ နေမှာပေါ့လို့ အလွယ်မပြောလိုက်ပါနဲ့နော်။ အဲလိုမျိုးပဲ အများအားဖြင့် တွေးကြမှာပါ။ ဒါပေမယ့် ကိုယ်ကအရေးမကြီပါဘူး ဆိုပြီး လုပ်လိုက်တဲ့ ကိစ္စလေးတွေက ကြာလာတဲ့အခါမှာ အနှောင့်အယှက်လေးတွေ ဖြစ်လာပါတယ်။ မန်နေဂျာတစ်ယောက်က တစ်ချို့ရုံးကိစ္စတွေကို အောက်လက်ငယ်သားတွေကို မလုပ်ခိုင်းပဲ ကိုယ်တိုင်ဝင်လုပ်မယ်။ သူတို့အလုပ်တွေကို ၀ိုင်းကူပြီးအောက်ခြေသိမ်း လိုက်လုပ်ပေးနေမယ် ဆိုရင် ကြာလာတဲ့အခါ သူတို့ရဲ့စိတ်ထဲမှာ ကိုယ့်ကိုလေးစားတဲ့စိတ် လူကြီးတစ်ယောက်ပါလားဆိုတဲ့ စိတ်တွေမရှိတော့ပဲ မန်နေဂျာကနေ အောက်လက်ငယ်သား ဘ၀ကိုရောက်မှန်းမသိ ရောက်သွားတတ်ပါတယ်။ မန်နေဂျာတစ်ယောက်ဟာ မိမိအောက်က ၀န်ထမ်းတွေကို တစ်ခြားသောနည်းတွေနဲ့ ကူညီလို့ရပါတယ်။ ဒါပေမယ့် ကိုယ့်ကိုလေးစားနေတဲ့ သူတို့ရဲ့စိတ်ကို မထိခိုက်အောင်နေထိုင် ပြောဆိုတတ်ရပါမယ်။ ဒါကလုပ်ငန်းခွင်ကို ဥပမာအနေနဲ့ ပြောပြတာပါ။ ဘယ်နေရာမှာမဆို နေတတ်ရပါမယ်။ လူတိုင်းဟာ ကိုယ့်နေရာနဲ့ကို နေတတ်မယ်ဆိုရင် တစ်ချို့သောလူမှုရေး အရှုပ်အထွေးတွေ ဖြစ်နေကြမှာ မဟုတ်ပါဘူး။

No comments:

နောက်လဲလာလည်နော်

Glitter Graphics