Monday 4 February 2008

ကိုယ့်အပြစ်နဲ့ကိုယ်

ကံမကောင်းပုံများ ပြောကိုမပြောချင်တော့ဘူး။ ဟဲ ဟဲ ဒီလိုပြောလို့ တကယ်မပြောချင်တော့ဘူး မထင်နဲ့နော်။ အရမ်းကိုပြောချင်လို့ စကားစလိုက်တာ။ ပစ္စည်းလေးတစ်ခုလိုချင်လို့ ကုန်တိုက်မှာ သွားကြည့်ပါတယ်။ တွေ့ရတော့ တခြားပစ္စည်းတွေကို လျှော့ဈေးပေးထားတယ်လေ။ ဒါနဲ့ဝန်ထမ်းကိုမေးကြည့်တော့ “ဒီပစ္စည်းက လျှော့ဈေးမရပါဘူး” လို့ပြောတယ်။ ကိုယ်ကလည်းအရမ်းကိုလိုချင်နေတယ်။ နောက်ပြီးရှိသေးလားလို့မေးတော့ နောက်ထပ်မရှိတော့ဘူးလို့ ပြောတယ်။ ဒီကုန်တိုက်က အမြဲတမ်း တစ်လကို ၂ ခါလောက်ဈေးချနေတာကိုသိလို့ မေးကြည့်တာလေ။ ဒါနဲ့ပဲ သူများလာဝယ်သွားမှာကို စိုးရိမ်ပြီး ၀ယ်လိုက်တယ်လေ။ လောဘ လောဘ။ သူများဝယ်မှာကို မလိုတဲ့စိတ်လေ။ နှင်း ၀ယ်ပြီးတာမှ ၁ ရက်ပဲရှိသေးတယ်။ ဟော ဒီနေ့တော့ ကုန်တိုက်ကကြော်ငြာ အိမ်ကိုရောက်လာတယ်လေ။ ဈေးချပြီးရောင်းတဲ့ပစ္စည်းတွေထဲမှာ နှင်း ၀ယ်လာတဲ့ပစ္စည်းလည်းပါလာတယ်။ ၆၀၀ တောင်လျှော့ထားတာ။ တကယ်ကိုပဲ ၀မ်းနည်းတယ်။ ဦးလေးအငယ်ကိုပြောတော့“ ကောင်းတယ် နင်ကလောတာကိုတဲ့ ဈေးကြီးမိမှာပေါ့တဲ့ ဈေးခဏခဏချတာကိုသိရက်နဲ့ မစောင့်နိုင်တာ ကောင်းတယ်တဲ့”။ သူပြောလဲခံရမှာပဲ ကိုယ့်အပြစ်ပဲလေ။ သူများယူသွားမှာကိုကြောက်ပြီး လောဘတက်မိတာ အခုတော့ ဟင့် ဟင့် ၆၀၀ တောင်များသွားပြီး။ နောက်နေ့ကစပြီး ၁၀ ရက်စာ မုန့်မ၀ယ်စားတော့ဘူး။

(လောဘ ကြီးတိုင်းလဲမကောင်းဘူးနော်။ စိတ်လောတိုင်းလဲ မကောင်းဘူးနော်။)



No comments:

နောက်လဲလာလည်နော်

Glitter Graphics