Friday 15 February 2008

မိခင်မြေ

ဘာသာတွေ လူမျိုးတွေမတူပါ
ဒါပေမယ့် မြန်မာမှာမွေးခဲ့လို့
မြန်မာ နိုင်ငံသားပါ။

ကံတရားကြောင့် မင်းဟာ
နိုင်ငံခြားသားဖြစ်လာတာပါ
မွေးဖွားရာမှာတော့ မပြောင်းလဲ
မြန်မာကတော့ “မြန်မာ”ပါပဲ

မင်းကိုမွေးပြီး
ကြီးပြင်အောင်ပြုစုခဲ့တဲ့ရေမြေဟာ
မြန်မာ ဆိုတဲ့ ရေမြေပေါ်မှာပါ

နိုင်ငံခြားသားဖြစ်လို့
မိခင်နဲ့တူတဲ့ မွေးမြေကို
ခြေစုန်ကန်လိုက်တာလား

မင်းတို့တွေ ကျေးဇူးမသိရင်နေ
ဒုက္ခဆိုတာနဲ့ ကြုံပြီး
နွေးထွေးမှုလိုချင်ရင်
အမြန်သာပြန်ခဲ့ပါ
မိခင်မြေက အမြဲတမ်း
Welcome ပါ

2 comments:

စိုးထက် - Soe Htet ! said...

အရမ်း ၀မ်းသာပါတယ် ဗျာ ... မြန်မာ နိုင်ငံဖွား နိုင်ငံခြား သားတွေ ရဲ့ စိတ်ထားကို အရမ်း လေးစား ပါတယ် ...
တစ်ကယ်ကို လှိုက်လှိုက် လှဲလှဲ လေးစားတာပါ ...
အင်းး ..... .................. ........... ...............

Anonymous said...

ကျွန်တော်နဲ့ သဘောတူတယ်ဗျ
ကမ္ဘာမခြားတဲ့ ချစ်သူလို့ ကဗျာလေးစပ်ထားဖြစ်တယ်
နိုင်ငံခြားရောက်နေတဲ့ ချစ်သူအတွက်ရည်ရွယ်ပါတယ်..ဟဲဟဲ

နောက်လဲလာလည်နော်

Glitter Graphics