Wednesday 6 February 2008

မြေပဲကျွန်း (သို့မဟုတ်) ထိုင်ဝမ်

ရာသီမရွေးရွာတဲ့ ထိုင်ဝမ်းမိုးရယ်
မြန်မာပြည်ကမိုးက မင်းလိုမဟုတ်ဘူး
သူ့ရာသီနဲ့သူရွာတယ်ဆိုတာ
မင်းဘယ်သိပါ့မလဲ

နူးညံ့တဲ့ မြန်မာမှာနေခဲ့ရတော့
ငါလေ မင်းကို ကြမ်းတမ်းတယ်လို့
ထင်မိပါတယ် ထိုင်ဝမ်ရယ်

ရေပတ်လည်ဝိုင်းလို့
တိုးတက်တဲ့မင်းဆီမှာ
အိမ်နီးချင်းဆိုတာမရှိပါလားနော်
မြန်မာမှာ အိမ်နီးချင်းတွေနဲ့ဆိုတော့
မင်းက
့ိုကြည့်ရတာ
အရမ်းကိုအထီးကျန်ပါတယ်
ထိုင်ဝမ်ရယ်

မုန်တိုင်းနဲ့ ငလျင်ဆိုတာ မင်းအတွက်တော့
ကြမ္မာဆိုးတစ်ခုလိုပါပဲ
အဲဒီဒဏ်တွေကို ကြံ့ကြံ့ခံနိုင်တဲ့ မင်းကို
ချီးကျူးပါတယ် ထိုင်ဝမ်ရယ်

သေးငယ်ပြီးတိုးတက်တဲ့ မင်းကို
ငါတို့တွေ ချစ်စနိုးခေါ်တာက “မြေပဲ” တဲ့လေ



(ထိုင်ဝမ်ကျွန်းရဲ့ပုံသဏ္ဍန်ဟာ မြေပဲနဲ့တူပါတယ်။ ထိုင်ဝမ်မှာရှိတဲ့ မြန်မာတွေက ဒီကတရုတ်တွေကို မြေပဲတွေလို့ပဲ နာမ်စားသုံးကြပါတယ်။)

No comments:

နောက်လဲလာလည်နော်

Glitter Graphics