Friday 22 February 2008

မိန်းမ

ထက်မြက်တဲ့ မိန်းမဖြစ်ချင်တယ်
ဘုရင်မလုပ်ဖို့တော့ မဟုတ်ဘူး
အားလုံးကို တတ်ချင်တယ်
ဆရာကြီးလုပ်ဖို့တော့ မဟုတ်ဘူး
ရဲရင့်ပြတ်သားချင်တယ်
စိတ်ဓါတ်ကတော့ မမာပါဘူး
မချစ်တတ်ဘူးလို့ မင်းတို့ထင်တဲ့
ငါ့ရင်ထဲမှာ နူးညံ့တဲ့နှလုံးသားရှိတယ်
မာကြောတဲ့ သူလို့မင်းတို့ထင်တဲ့
ငါဟာလဲ မိန်းမတစ်ယောက်မို့
ပုလဲတော့ ခတတ်ပါတယ်

1 comment:

Anonymous said...

လာလည်သွားပါတယ်
စီဘောက်ကြောင်နေလို့ ဒီမှာပဲ ရေးခဲ့တယ်ဗျ
ကောင်းလိုက်တဲ့ ခံစားချက်လေး
ဆက်ရေးနော် အားပေးနေတယ်

နောက်လဲလာလည်နော်

Glitter Graphics