Sunday 3 February 2008

မောင်ကြီးပက်လက်လန်(သို့မဟုတ်) သစ်ခွ



သစ်ခွပင်ဟာ ပင်မြင့်မှာပွင့်တဲ့ ပန်းတစ်မျိုးဆိုတာ လူတိုင်းသိပါတယ်။ မောင်ကြီးပက်လက်လန်တာဘာလို့ ခေါင်းစဉ်ပေးထားသလဲဆိုရင် ကျေးလက်တောရွာမှာ နှမကလေးက သစ်ခွပန်းကို လိုချင်လို့ မောင်ကြီးကို ပူဆာတဲ့အခါ မောင်ကြီးဟာပန်းခူးပေးဖို့အတွက် သစ်ခွပင်ကို မော့ကြည့်ရုံနဲ့ ပက်လက်လန်ကျရတယ်ဆိုတဲ့ သစ်ခွအပေါ်တင်စားပြောဆိုတဲ့ စကားလေးပါ။ သစ်ခွမှာ အဓိကအမျိုးအစား ၃ မျိုးရှိပါတယ်။ ၁။ venda (တစ်ခိုင်ကို ၅ ပွင့်ကနေ ၁၀ ပွင့်အထိပွင့်တဲ့ သစ်ခွမျိုးတွေပါ။) ၂။ catellia (၁ ပွင့်ကနေ အများဆုံး ၃ ပွင့်အထိပွင့်တဲ့ သစ်ခွမျိုးတွေပါ။) ၃။ocedean (ဘိုမပန်းတို့ ဒန်းစီးလေဒီတို့လိုအပွင့်သေးတဲ့ သစ်ခွမျိုးတွေပါ။) သစ်ခွဟာတန်ဖိုးကြီးတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဖြစ်သလိုလဲစိုက်လို့မရပါဘူး။သစ်ပင်တိုင်းမှာ နိုက်ထရိုဂျင်၊ ပိုတက်ဆီယမ်၊ ဖော့(စ်)ဖရိတ် ဆိုတာတွေလိုပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ အပင် ၉၀% ဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် ကိုရူပြီး အောက်ဆီဂျင်ကို ပြန်ထုတ်ကြပါတယ်။ သစ်ခွပင်နဲ့ ဂမုန်းပင် ကတော့ ပြောင်းပြန်ပါ။ သစ်ခွဟာ အောက်ဆီဂျင်ကိုရူပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပြန်ထုတ်ပေးပါတယ်။ သစ်ခွပင်စိုက်တဲ့အခါ နည်းစနစ်အမျိုးမျိုးရှိပါတယ်။ မိုဘိုင်း နည်းကတော့ အလွယ်တကူပြောင်းရွှေ့လို့ရပြီး ရန်ကုန်ဈေးကွက်အတွက်လဲ ကောင်းပါတယ်။ ပန်းကိုဈေးကွက်တင်တဲ့အခါ အပင်နဲ့အတူတွဲပြီး တင်လို့ရတဲ့အတွက် ဈေးကောင်းပိုရပါတယ်။ မိုဘိုင်း နည်းရဲ့အားနည်းချက်ကတော့ မြေသြဇာရှိမှု နည်းတဲ့အတွက် အရမ်းကိုဂရုစိုက်ရတယ်။ မိုဘိုင်း နည်းဟာ ပုံမှာမြင်ရတဲ့အတိုင်း တိုင်မှာတစ်ပင်ချင်းစီ စိုက်ထားတဲ့အတွက် ကိုယ်လိုချင်တဲ့အပင်ကို အလိုရှိရာကို အလွယ်တကူ ပြောာင်းယူသွားလို့ရပါတယ်။ သစ်ခွပင်ကို ဖြန်းမယ့်ရေဟာလဲကောင်းဖို့လိုပါတယ်။ တတ်နိုင်ရင် ရေကို ph 7 လောက်အထိရှိရငိုကောင်းပါတယ်။ ရေမှာ ထုံးဓါတ်၊ သံဓါတ် ပါနေရင် အပွင့်သေးသွားတတ်ပါတယ်။ အပင်အများစုဟာ အမြစ်ကနေ မြေသြဇာကိုရယူကြပါတယ်။ သစ်ခွပင်ကတော့ မြေသြဇာကို အရွက်ကနေရယူပါတယ်။ သစ်ခွရဲ့အမြစ်ဟာ လေရူရုံသက်သက်ပါ။ မြေသြဇာသုံးတဲ့နေရာမှာလဲ သုံးတတ်ဖို့လိုပါတယ်။ အရွက်ကလေးတွေ သေးနေမယ်၊ အပင်ကြီးထွားမှုနှုန်းနှေးနေရင် နိုက်ထရိုဂျင်များတဲ့မြေသြဇာကို ထည့်ပေးရပါတယ်။ အပွင့်ပွင့်ဖို့အတွက် ဖော့(စ်)ဖရိတ်များတဲ့ မြေသြဇာကိုထည့်ပေးရပါတယ်။ ပန်းရဲ့အရောင်တောက်ပဖို့အတွက်လဲ မြေသြဇာကျွေးလို့ရပါတယ်။ အမြစ်အားနည်းနေရင်ပိုတက်ဆီယမ်များတဲ့ မြေသြဇာကိုထည့်ပေးရပါမယ်။ သစ်ခွပင်မှာ အပူအအေးနဲ့ နေရောင်ခြည်ရရှိမှုဟာလဲအရေးကြီးပါတယ်။ သစ်ခွပင်ဟာ နေရောင်ခြည်အနည်းဆုံး ၃၀%လောက်လိုအပ်ပါတယ်။ ဒါကြောင့် သစ်ခွပင်ရဲ့ နေရောင်ခြည် ရရှိမှုကို ထိန်းထားဖို့အတွက် အပေါ်ကနေ အမိုးလေးတွေ မိုးပေးထားရပါတယ်။ အမိုးမိုးတဲ့အခါ ကိုယ်လိုချင်တဲ့ နေရောင်ခြည်ရရှိမှုပေါ်မူတည်ပြီး အမိုးကိုဝယ်ယူလို့ရပါတယ်။ ဥပမာ ၆၀% လိုချင်ရင် ၆၀%ရမယ့်အမိုးကိုဝယ်လို့ရပါတယ်။ ပုံမှာမြင်ရတဲ့ သစ်ခွခြံမှာတော့ အပူချိန် ၆၀% ကာကွယ်နိုင်တဲ့အမိုးကို မိုးထားပါတယ်။ မြန်မာနိုင်ငံမှာနွေရာသီဟာ ပိုမိုပူပြင်းတဲ့အတွက် ၆၀% ကာကွယ်နိုင်တဲ့အမိုးကို ၂ ထပ်မိုးရပါတယ်။ မိုးတွင်းနဲ့ဆောင်းလို အေးမြတဲ့ရာသီမှာတော့ ၁ ထပ်လောက်နဲ့ရပါတယ်။ သစ်ခွပင်ဟာ ပူအိုက်စွတ်စိုတာကိုကြိုက်တဲ့အတွက် ပုံမှာမြင်ရတဲ့အတိုင်းမြက်ခင်းလေးလုပ်ထားပါတယ်။ လေထုစိုစွတ်မှုကို ၇၀%လောက်ရှိရပါမယ်။ အပူချိန်အနေနဲ့ကတော့ ၃၀-၃၅'C လောက်ရှိနေရပါမယ်။ သစ်ခွပင်ရဲ့ အပွင့်ပွင့်မှုနှုန်းကိုလဲ နည်းပညာအကူနဲ့ လုပ်ယူလို့ရပါတယ်။ venda အမျိုးအစားဝင်(၅ ပွင့်ကနေ ၁၀ ပွင့်ကျော်အထိပွင့်တဲ့) သစ်ခွတွေဆိုရင် တစ်လတစ်ခါပွင့်အောင် ဟော်မုန်းဆေးဖျန်းပြီး ပွင့်အောင်လုပ်ကြပါတယ်။ catellia အနွယ်ဝင်တွေကတော့ ဥယျာဉ်မှုးရဲ့ ကျွမ်းကျင်မှုပေါ်မူတည်ပါတယ်။ သစ်ခွပင်ဟာအသန့််ကိုကြိုက်ပါတယ်။ဥယျာဉ်မှုးတွေအကြောက်ဆုံးအန္တရာယ်ကတော့ အပင်ကိုမှိုတက်မှပါ။
အပင်ကိုတက်တဲ့မှိုဆိုတာကလဲ ခြံထဲကိုလာတဲ့ လူတွေဆီကနေ ကူးတာပါ။ ဒါကြောင့်ခြံပိုင်ရှင်တွေဟာ လူတိုင်းကို ပန်းခင်းထဲကိုပေးမ၀င်တာပါ။ တစ်ကယ်လို့ဝင်ချင်တယ်ဆိုရင် ပန်းခင်းထဲမှာစီးတဲ့ဖိနပ်၊ ခေါင်းကိုလည်းအစွပ်စွပ်ပြီးမှပေးဝင်ကြပါတယ်။ နည်းပညာတွေတိုးတက်လာတော့ သစ်ပင်တွေကို လိုသလိုမျိုးစပ်ပြီးထုတ်လုပ်စိုက်ပျိုးကြပါတယ်။ ထိုင်းနိုင်ငံကနေ ထုတ်လုပ်ရောင်းချနေတဲ့ သစ်ခွပန်းပင်တွေဟာ အခိုင်၂၀ ပွင့်တဲ့အပင်ဆိုရင် ၂၀ ထက်ကိုပိုမပွင့်ပါဘူး။ အော်နည်းပညာတွေတိုးတက်လာတာများနော် ကြောက်တောင်ကြောက်လာပြီ..............


သစ်ခွအကြောင်းကို စိတ်ရှည်လက်ရှည်ပြောပြပေးပြီး ဓါတ်ပုံကိုအသုံးပြုခွင့်ပေးတဲ့ ကိုအေးမောင်လွင် (စင်္ကာပူ)ကို ကျေးဇူးတင်ပါတယ်။

No comments:

နောက်လဲလာလည်နော်

Glitter Graphics