ပူလိုက်အေးလိုက်နဲ့
ရုးရတဲ့ဒီရာသီ
မနက်ပူလို့ ညနေအေး
ဘာကိုမှအစိုးမရ
ဖောက်ပြန်တာ သဘာဝမို့
အပြစ်မမြင်တော့ပါဘူး။
လာပြန်ပြီ ဒီအအေးလှိုင်း
ပိတ်ရတဲ့ ဒီနှာခေါင်းလဲ
စကားသာပြောတတ်ရင်
သူငိုပြတာ ကြာရောပေါ့။
ဒီဆောင်းတွင်းးမှာဖြင့်
ပင်ကိုသံတကယ်ပျောက်ပါလို့
နှာသံနှောပြောတဲ့ ငါ့အသံ
သည်းခံကာနားထောင်တဲ့
မိတ်ဆွေတို့ရေ
ကျေးဇူးများစွာတင်ပါကြောင်း။
ငါ့ကိုငါသာ
ဆင်ခြင်ရတော့မှာမို့
စောင်ခြုံထဲမှာ
ကွေးလို့သာနေလိုက်တော့မယ်
အေးချင်သလောက်သာအေးလိုက်တော့
2 comments:
နှင်းလေးရေ..
ဒုက္ခတွေနဲ့ ပြည့်နှက်နေတဲ့ ဒီလောကကြီးကို
ဖောက်ပြန်မှုတွေချည်ပဲကြုံနေရလို့ အေးချမ်းချင်တယ်..
မအေးချမ်းနိုင်ကြဘူး...
နှင်းလေးရေ...
အားလုံးအဆင်ပြေပါစေ...
လှပပါစေ.. နေ့သစ်တွေမှာ..
နွေရောက်ပါပီဗျာ။ ဒုက္ခမရောက်တော့ပါဘူး။ ပူဖို့သာပြင်ထားတာတော့ :P
Post a Comment